လိုတရအိမ်ကလေးမှကြိုဆိုပါတယ်...
 

 
This is your new blog post. Click here and start typing, or drag in elements from the top bar.
 
အာဒမ်က ရွေးစရာမရှိလို့ ဧ၀ကိုချစ်တာပါ...
ငါက ရွေးစရာတွေ အများကြီးထဲက နင့်ကို ချစ်တာပါ...။

(၂)
မောင်ရေ....
အထင်တော့မလွဲလိုက်ပါနဲ့
E-mail စာများ ရောက်မလာခဲ့ရင်
မ ကိုလေ မငြိုငြင်ပါနဲ့နော်
မ တို့ မိန်းမသားဘ၀မှာ online တက်နိုင်ဖို့ရာ
connection ကောင်းဖို့ ဆုတောင်းနေရတာ။

(၃)
ဒီမှာဟေ့ကောင်...
မြင်တိုင်း လာလာ add ပြီး
မေးတော့လည်း မဖြေဘူး
တလူလူနဲ့
ဘယ်တိရစ္ဆာန်မှ အွန်လိုင်း မတက်ဘူး....။

(၄)
ချစ်သူအတွက်နော်...
1 ယောက်ထဲကို
2 လုံးသားနဲ့
3 သပ်ပြီး
4 နက်တဲ့
5 အချစ်ကို
6 သွေ့တဲ့
7 အားနဲ့
အ 8 ကို
9 ကွယ်ပြီး
10 ကမ္ဘာတိုင်အောင် ချစ်သွားမှာပါ....။

(၅)
မရသုခ သူ့ကိုများ
လူတိုင်းမေးကြ မကောင်းလှ
စိတ်ကိုထိခိုက် လူကိုသတ်
သူ့ရဲ့လက်နဲ့ ဘာမဆိုနှိုက်
နှိုက်တာက အသက်နော်
ဟဲ.. ဟဲ.... မှားမှာစိုးလို့။

(၆)
စာမှန်မှန်ကျက် ဦးနှောက်ပျက်
စာမှန်မှန်ကြည့် လေးလုံးဖြစ်
ကျောင်းမှန်မှန်တက် စာတွေခက်
ကျောင်းမှန်မှန်ပြေး စာမရေး
မတတ်ရင်ခိုးချ ပထမရ
ကျောင်းမှန်မှန်တက် ပိုက်ဆံထွက်...။

(၇)
အချစ်ဆိုတာ ကင်ဆာလိုပဲ...။
ရှိနေမှန်းမသိရဘူး။
သိတဲ့အချိန်ကျတော့ အမြစ်တွယ်နေပြီလေ။

(၈)
တစ်ယောက်နဲ့တစ်ယောက် မငဲ့ညှာရင်
အတူနေတဲ့ ဘ၀တစ်လျှောက်မှာ
ခရီးဆက်ဖို့မဖြစ်နိုင်ပါ။
တစ်ယောက်နဲ့တစ်ယောက် နားလည်ရင်
ဘာတွေပဲဖြစ်ဖြစ်
အတူကျော်ဖြတ်သွားနိုင်မှာပါ။

(၉)
မိန်းမကောင်းတော့ ယောက်ျားတစ်ထောင်၊
ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်၊
မေ မ-chat မေသာငတ် မေ့နေရာ လူမလပ်၊
မောင် မ-chat မောင်သာငတ် မောင့်နေရာ လူမလပ်၊
အဲဒါ အွန်လိုင်းဇာတ်....။

(၁၀)
ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ်။
ဘယ်အချိန်ပဲဖြစ်ဖြစ် နင့်ကိုငါ လွမ်းတယ်။
နင့်ဘေးမှာ ငါမရှိပေမယ့်
ငါ့အလွမ်းထဲမှာ နင်အမြဲရှိတယ်။
ငါ့နှလုံးသားထဲမှာ နင်နေရာအပြည့်ယူထားတယ်။
(မှတ်ချက် - အပေါ်က စာသားတွေရဲ့ဘေးမှာ တင်ထားတဲ့ပုံက ဘီယာခွက်နဲ့ ဘီယာဘူးပုံ ဖြစ်ပါသည်)

(၁၁)
ဘေးနားမှာ ချစ်ရမယ့်လူ မရှိတော့တဲ့ အချိန်ကျမှ
အချစ်ဆိုတာကို နားလည်လာရတယ်။

(၁၂)
ကိုယ့်အနားရှိစေချင် ပေမယ့်
နီးနီးလေးနဲ့ ဝေး နေရတယ်နော်။
အရင်ကဇာတ်လမ်းလေး အတိုင်း
လမ်းဆုံ မှာ ရပ်နေတဲ့အခါ
ကြင်နာသူနှစ်ဦးဆုံနိုင်ရန် သီချင်းကိုဆိုကြမယ်။
လမ်းမခွဲကြေး ဆိုပေမယ့်
သံယောဇဉ် ကို ဖြတ်ကြရဦးမယ်။
ပျော်ရွှင်ခြင်းနိုင်ငံ ကို အတူသွားချင်ပေမယ့်
ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းတွေနဲ့အတူ
ရွက်လွှင့်ခြင်း လုပ်နေရဦးမယ်။
တကယ်ဆိုရင် အချစ်ပဲလိုတယ် ဆိုပေမယ့်
မင်းနဲ့ငါ ဟာ
လမင်းနဲ့ ပင်လယ် ပါ။
 
(၁)
မင်းနဲ့ငါ ညှိလို့မရ၊ ရည်းစားသစ်ရှိလို့လား။
အပြင်သွားရင် သတိနဲ့သွား သတိနဲ့လာပြီး သတိနဲ့စား
စိတ်ပူတယ်သိရဲ့လား။
ငါ့ဘက်ကိုမကြည့်နဲ့ထား
မင်းပျော်ရင် ငါကျေနပ်တယ်၊
သေမလောက်ချစ်တာ သိရဲ့လား ........


(၂)
လွမ်းလွန်လွန်းလို့
မျက်ရည်နဲ့ရိုက်တဲ့ ပါးပြင်တွေ
ဘယ်လောက်နာနေပြီဆိုတာ....
ချစ်သူတစ်ယောက် သိမှသိပါလေစကွယ် .........


(၃)
အမှတ်တရ ဆိုသည်မှာ....
သိမ်းထားတတ်သူအတွက် အလွမ်းများသာ ဖြစ်သည်


(၄)
နင်က ဂေါက်သီး၊
နင့်ရည်းစားက ဂေါက်တံ၊
နင့်အဖေက ဂေါက်အိတ်၊
နင့်အမေက ဂေါက်ကျင်း၊
နင်တို့တစ်အိမ်လုံး ဂေါက်ကွင်း။


(၅)
ပါးတိုင်းလည်း မနမ်းဖူးသလို
ညတိုင်းလည်း မလွမ်းမိဘူး။
လွမ်းမိတဲ့ညမှာ နမ်းမိတဲ့ပါးလေးကို
သတိရတယ်။


(၆)
ပြီးဆုံးသင့်လို့ အဆုံးသတ်ခဲ့ပေမယ့်....
တစ်ခန်းမရပ်နိုင်သေးတဲ့ ငါ့အချစ်တွေက....
တစ်ပင်တိုင်အလွမ်းနဲ့ နောက်ပိုင်းဇာတ်ထုပ်ကို....
မနိုင်မနင်း "က" လို့.....။


(၇)
အက်ဒီဆင်ကို ကျေးဇူးမတင်နိုင်ပါဘူး။
အခုလောလောဆယ် ဖရောင်းတိုင် တီထွင်ခဲ့သူကို ကျေးဇူးတွေ တင်နေရပါတယ်။


(၈)
ကိုယ့်ကို နားလည်တဲ့လူတစ်ယောက်ကို ရှာဖို့
ကိုယ်က သူ့နားလည်နိုင်တဲ့လူဖြစ်အောင် အရင်ဆုံး လုပ်ရလိမ့်မယ်။

(၉)
ချစ်နေတာက (၁) ယောက်၊
ကြိုက်နေတာက (၂) ယောက်၊
အိပ်မက်ထဲမှာက (၃) ယောက်၊
ကျူနေတာက (၁၀) ယောက်၊
ဒါပေမယ့် ဘယ်သူမေးမေး (မရှိဘူး)ပဲ....။

(၁၀)
အင်ဒိုနီးရှား........
မလေးရှား..........
ငါတို့နိုင်ငံကိုလည်း အမည်ပြောင်းမယ်.....
ရေမီးရှား။

(၁၁)
လောကကြီးမှာ ကြောက်စရာအကောင်းဆုံးက မိမိချစ်သူ၏ လိမ်ညာခြင်းကို ခံရသည့်အချိန် ဖြစ်သည်။
ထိုအချိန်တွင် အမုန်းသင့်ဆုံးသူသည် အညာခံရသော မိမိကိုယ်တိုင်ပင် ဖြစ်သည်။

(၁၂)
ငါသတိရတဲ့အချိန် မင်းလွမ်းချင်မှ လွမ်းမယ်။
ငါရူးလောက်အောင် သတိရတဲ့အချိန် မင်းအိပ်ချင် အိပ်နေလိမ့်မယ်။
ငါအရမ်းကို တွေ့ချင်နေတဲ့အချိန် မင်း အခြားတစ်ယောက်နဲ့ တွေ့ချင်တွေ့နေမှာပ
ါ။

(၁၃)
အဆိုးများထဲက အကောင်းတော့ ရှိနိုင်မယ်။
အမြဲတမ်းကြီးတော့ မဆိုးနိုင်ပါဘူး


(၁၄)
အားပေးဖော်ဆိုတာက အားငယ်တတ်သူတွေအတွက်ပါ။
ငါလိုအပ်တာက.....
ပေးဆပ်သူမဟုတ်ဘူး.....
မျှဝေတတ်သူပဲဖြစ်တယ်။


(၁၅)
နင်လေ... သတိရရင် ဖုန်းဆက်ပါအချိန်တိုင်း။
ညညဆိုဖုန်းမဆက်ပါနဲ့ မေမေဆူလိမ့်မယ်။
 
အတွေးစာသား (၁)
၁-ခါပဲပြောမယ်
၂-ခါမပြောဘူး
၃-စရာမရှိလို့
၎-လေးစားစားပြောမယ်
၅-သိန်းလောက်ချေးကြပါ
၆-ခြောက်ခြားခြားဖြစ်မသွားပါနဲ့
၇-ရက်ထဲပါ
၈-ကြီးခိုးပါရဲ့
၉-လည်းကိုးစားပါတယ်
၁၀-ရက်ကြာရင် ပြန်ပေးပါ့မယ်

အတွေးစာသား (၂)
လောကမှာ ငါမသိတာဆိုလို့ (၂) ခုပဲ ရှိတယ်-
ဟိုဟာလဲ သိဘူး၊ ဒီဟာလဲ သိဘူး၊ ဟီးဟီး

အတွေးစာသား (၃)
ပြုံးတိုင်းလည်း ပျော်တယ်လို့ မထင်နဲ့........
ရှုံးတိုင်းလည်း လျှော်တယ်လို့ မထင်နဲ့..............။

အတွေးစာသား (၄)
ဓါးလည်း သွေးပေးထားတယ်။
ရင်လည်း ခွဲပေးထားတယ်။
ဆားနဲ့လည်း ပက်သွားသေးတယ်။
ဒါတောင် နင်မကျေနပ်နိုင်သေးဘူးဆိုရင် အသက်ကိုပါပေးဖို့ အသင့်ပါပဲ။
နင့်ဆီက "ချစ်တယ်" ဆိုတဲ့ စကားတစ်ခွန်းကို ကြားရမယ်ဆိုရင်ပေါ့။

အတွေးစာသား (၅)
ချစ်ကံဆိုးကငါ့ကိုထိုးတယ် ကြိုးဝိုင်းထဲမှာ ဘယ်ညာပြန်လက်သီးချက်တွေနဲ့ ဘယ်ရွာမှာသူကြီးသမက်ဖြစ်မလဲတွေး မြို့သူတောသူ သဘောတူမဲ့သူ အကြောင်းကြားကြပါ ကြော်ငြာမှာလက်ဖက်ထုပ်ထည့်ကှမ်း တော်ရာမှာ သားမက်လုပ်မလို့ပါဗျာ။

အတွေးစာသား (၆)
တစ်နေ့မှာ ပျော်ရွှင်ခြင်းက ဘယ်မှာလဲလို့ နင်မေးလာခဲ့ရင်....
ပျော်ရွှင်ခြင်းက လေထဲမှာလို့ နင့်ကို ငါ တိုးတိုးလေး ပြောပြမယ်။
နင်ရှူရှိုက်လိုက်တဲ့ လေတိုင်းမှာ နင့်ကို ငါပေးမယ့် ပျော်ရွှင်ခြင်းတွေ ပါဝင်နေခဲ့တယ်။

အတွေးစာသား (၇)
ငါ့ရဲ့ အခြားတဖက်သို့ သာယာတဲ့ နံနက်ခင်းမှာ နိုးထနိုင်ပါစေ။
ငြူစူစောင်းမြောင်းခြင်းကင်းတဲ့ တစ်နေ့တာကို ဖြတ်သန်းနိုင်ပါစေ....။

အတွေးစာသား (၈)
Please . . . Wait . . . . My Heart is ♥ ♥♥ ♥ ♥♥ ♥ Loading . . .
█ 1%
██ 10%
███ 20%
████ 30%
█████ 40%
██████ 50%
████████ 60%
██████████ 70%
█████████████ 80 %
███████████████ 90% Loading . . .
████████████████████████████████ 99.98%
Connection Fails. Try again later


အတွေးစာသား (၉)
i am a လူချော
and very good စိတ်သဘော
this is a truth ရေမရော
i like the ငှက်ပျော
my friend name is သခေါ (သွားခေါ)
his another name is လေရှော (လောရှည်)
this morning, i awake မနက်အစော
and i eat the ကျောက်ကျော
if you read this words, really really...... you are စောက်ပေါ။

အတွေးစာသား (၁၀)
ရိုးရှင်းစွာနေထိုင်ပါ။
နက်နက်ရှိုင်းရှိုင်း ချစ်တတ်ပါ။
လေးလေးနက်နက် ဂရုစိုက်တတ်ပါ။
ကြင်ကြင်နာနာ ပြောဆိုဆက်ဆံပါ။
လူ့ဘ၀မှာ နေပျော်ဖို့ရာ လွယ်ပါတယ်။
တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊ ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ လိုပါတယ်။

အတွေးစာသား (၁၁)
ပျံသန်းနိုင်တဲ့အချိန်မှာ ပျံသန်းခြင်းကို လက်မလွှတ်ပါနဲ့။
အိပ်မက် မက်နိုင်တဲ့အချိန်မှာ အိပ်မက်ကို လက်မလွှတ်ပါနဲ့။
ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ်။
ဒီနေ့ကို လက်လွှတ်ရင် မနက်ဖြန် ပြန်ရမယ်လေ။

အတွေးစာသား (၁၂)
မင်းရဲ့ "ချစ်တယ်" ဆိုတဲ့စကားကို ကြားလိုက်ရတဲ့အချိန်မှာ ပျားရည်တွေတောင် ခါးသွားသလိုပဲ။
 
အတွေးစာသား (၁)
ဆရာတော်တစ်ပါးက မိန့်ကြားတော်မူဖူးတယ် အကုသိုလ်ကို အကုသိုလ်မှန်း သိရက်နဲ့ လုပ်တာလောက် အပြစ်ကြီးတာမရှိဘူးတဲ့။

အတွေးစာသား (၂)
ငါ့ဒဏ်ရာတွေကို မင်းရဲ့အလင်းရောင်နဲ့ မတောက်ပချင်တာကတော့ အမှန်ပါ ကြယ်စင်ရယ်...။
နင်ငိုမှ ငါစိုမယ်ဆိုရင်တော့ စိတ်ချပါ ငါတစ်သက်လုံး အစိုမခံတော့ဘူး။

အတွေးစာသား (၃)
လွမ်းဆွတ်ခြင်းဆိုတာ ရေရာတဲ့ အကြောင်းပြချက်မရှိဘဲ  လူတစ်ယောက်ကို မျက်ရည်ကျစေအောင် ပေးနိုင်စွမ်းတဲ့ အင်အားတွေဖြစ်တယ်။ "ပျော်ရွှင်ခြင်းတစ်မျိုးက ကိုယ်ချစ်တဲ့လူကို ပေးဆပ်ခြင်းသက်သက်နဲ့ တစ်သက်လုံးချစ်နေတာပါပဲ"

အတွေးစာသား (၄)
နေကောင်းလားလို့ မေးတိုင်း ဖြေရအောင် ငါက နာတာရှည်ရောဂါသည် မဟုတ်ဘူး။
စားပြီးပြီလားမေးရအောင် အီသီယိုပီးယားမှာ နေတယ်မှတ်နေလား။
နာမည်မေးတိုင်း ဖြေရအောင် နင်က လူဝင်မှု ကြီးကြပ်ရေးကလား။

အတွေးစာသား (၅)
ကျောင်းမှန်မှန်တက် ဦးနှောက်ပျက်။
ကျောင်းမှန်မှန်ပြေး ဦးနှောက်အေး။
မှန်မှန်ရေးပါ ရည်းစားစာ။
မိဘစကား ဘေးမှာထား။
ဆရာစကား ဘေးချိတ်ထား။
ချစ်သူစကား တန်ဖိုးထား။

အတွေးစာသား (၆)
Life is short!
Break the rules!
Forgive quickly!
Kiss slowly!
Love truly!
Laugh uncontrollably!
And never regret anything that made you smile.

အတွေးစာသား (၇)
ကိုယ်ချစ်တဲ့သူကို မမြင်နိုင်တဲ့ အနာတရနဲ့ ဒဏ်ရာတွေ မပေးမိပါစေနဲ့။

အတွေးစာသား (၈)
အလှူတကာ အလှူတို့တွင် ရည်းစားအလှူသည် အမြတ်ဆုံး။
ကိုယ့်ရည်းစားကို သူများက ကြားဖြတ်လုဖို့ ကြိုးစားနေတယ်ဆိုရင် ပေးလှူလိုက်ပြီး အမျှအတန်းပေးဝေပါ။
ကိုယ် အသည်းကွဲခံစားရတာများလေ ကုသိုလ်ရလေလေပဲ။

အတွေးစာသား (၉)
ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက်အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

အတွေးစာသား (၁၀)
လူတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့အတွက် စကားလုံးတွေ အများကြီးလိုအပ်နိုင်ပါတယ်။
ဒါပေမယ့် လူတစ်ယောက်ရဲ့ ဘ၀ကိုတော့ စကားတစ်ခွန်းတည်းနဲ့ ပျက်စီးစေနိုင်တယ်။
ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

အတွေးစာသား (၁၁)
သတိရခြင်းဆိုတာ….
လွတ်လပ်တယ်…၊ တိကျသေချာတယ်…၊ သိုဝှက်ဟန်ဆောင်မှု ကင်းတယ်…၊ ကျယ်ဝန်းတယ်…၊ နက်ရှိုင်းတယ်…၊ အနှောင့်အယှက် ကင်းတယ်…၊ လုံခြုံတယ်…၊ အချက်အလက် ပြည့်စုံတယ်…။
ဒါပေမယ့်…. အထီးကျန်ဆန်တယ်…၊ ၀မ်းနည်းစရာကောင်းတယ်…၊ မရေရာတဲ့ မျှော်လင့်ချက်ရှိတတ်တယ်…။
အဆိုးဆုံးကတော့… တစ်ဖက်သတ်ဆန်တယ်။

အတွေးစာသား (၁၂)
၅၀ % က နင့်ကိုမယုံတာ၊
၃၀ % က ငါ့ကိုယ်ငါမယုံတာ၊
၂၀ % က ငါ့စိတ်နဲ့ နှိုင်းနေတာ...။
 

 
အတွေးစာသား (၁)
ချစ်(ခြစ်)တာက ခဲတံ။
ခံစားတာက ပန်းကန်ပြား။
ကြေကွဲတာက ကြက်ဥ။
နာကျင်တာက ဓာတ်လိုက်လို့။
ရင်နာတာက မှောက်အိပ်လို့။
ကိုရင်တွေခုန်နေတာက ဘုန်းကြီးကျောင်းမှာပေါ့....။ :P
အတွေးစာသား (၂)
အချစ်နဲ့ အမုန်းဆိုတာ...
သုံးနဲ့လေးလို၊ ခေါင်းနဲ့ပန်းလို...
အမြဲဒွန်တွဲနေတတ်တာ အမှန်ပါ...
အချစ်ပြီးရင် အမုန်းလာမှာ အသေအချာပါပဲ...။
အတွေးစာသား (၃)
အခုတလော...
ငါ့အိပ်မက်တွေ အရမ်းထူးဆန်းတယ်။
မင်းမျက်နှာကို ကြွေးရှင်အမှတ်နဲ့ ညတိုင်း လန့်လန့်ပြီး နိုးနေမိတယ်။
ငါ့ရဲ့အချစ်ကြွေးတွေ မကျေသေးဘူးလားကွယ်...။
အတွေးစာသား (၄)
အချစ်တစ်ခုပဲ လိုတယ်တဲ့။
ဗိုက်ဆာတဲ့အခါ ငါတို့ ဘာစားကြမှာလဲ။
အတွေးစာသား (၅)
လျှို့ဝှက်တယ်ဆိုတာ မကောင်းပေမယ့် သိုသိပ်နိုင်ရတယ်....။
ဟန်ဆောင်တယ်ဆိုတာ မကောင်းပေမယ့် ထိန်းချုပ်တတ်ရတယ်....။
အေးစက်တယ်ဆိုတာ မကောင်းပေမယ့် တည်ငြိမ်ရမယ်လေ....။
အတွေးစာသား (၆)
လူတစ်ယောက်ကို မုန်းဖို့အတွက် သတ္တိလိုတယ်....။
ချစ်ဖို့အတွက်တော့ ရေစက်လိုတယ်....။
မေ့ဖို့အတွက်ဆိုရင်တော့ အချိန်တွေလိုတယ်....။

အတွေးစာသား (၇)
တိရစ္ဆာန်ရုံက မျောက်တွေများ... လုံးဝကို အငြိမ်မနေတတ်ကြဘူး။
ဟိုအကိုင်း ဒီအကိုင်း ကူးလိုက်၊ သန်းရှာလိုက်နဲ့ အလုပ်ကို ရှုပ်နေတာပဲ။
ဟော... အခုလည်း ကြည့်ဦး၊ ဒီစာကို ဖတ်နေပြန်ပြီလေ။
အတွေးစာသား (၈)
ငါဆိုတဲ့ကောင်ဟာ....
ရင်ဘတ်ကိုဖိရင် "I LOVE YOU" လို့ အော်တတ်တဲ့ အရုပ်ကလေးတစ်ရုပ်ပါပဲ။
အသက်တစ်ခါရှူလိုက်တိုင်း ငါ့ရင်ထဲမှာ "မင်းကိုချစ်တယ်" လို့ပဲ အော်နေမိတယ်။
အတွေးစာသား (၉)
ပိုက်ဆံချေးပြီး ပြန်ဆပ်ရန်မလိုသော သူငယ်ချင်းများ အလိုရှိသည်။

အတွေးစာသား (၁၀)
မင်းကိုလွမ်းလို့ ကျတဲ့မျက်ရည်တွေကို တမံဆည်လုပ်ပြီး ရေအားလျှပ်စစ်ထုတ်မယ်ဆိုရင် မင်းနေတဲ့အရပ် တစ်သက်လုံး မီးလင်းနေမှာပါ။
 
Start blogging by creating a new post. You can edit or delete me by clicking under the comments. You can also customize your sidebar by dragging in elements from the top bar.

    Author

    Write something about yourself. No need to be fancy, just an overview.

    Archives

    October 2010

    Categories

    All

    RSS Feed