လိုတရအိမ်ကလေးမှကြိုဆိုပါတယ်...
 
(၁)
မင်းနဲ့ငါ ညှိလို့မရ၊ ရည်းစားသစ်ရှိလို့လား။
အပြင်သွားရင် သတိနဲ့သွား သတိနဲ့လာပြီး သတိနဲ့စား
စိတ်ပူတယ်သိရဲ့လား။
ငါ့ဘက်ကိုမကြည့်နဲ့ထား
မင်းပျော်ရင် ငါကျေနပ်တယ်၊
သေမလောက်ချစ်တာ သိရဲ့လား ........


(၂)
လွမ်းလွန်လွန်းလို့
မျက်ရည်နဲ့ရိုက်တဲ့ ပါးပြင်တွေ
ဘယ်လောက်နာနေပြီဆိုတာ....
ချစ်သူတစ်ယောက် သိမှသိပါလေစကွယ် .........


(၃)
အမှတ်တရ ဆိုသည်မှာ....
သိမ်းထားတတ်သူအတွက် အလွမ်းများသာ ဖြစ်သည်


(၄)
နင်က ဂေါက်သီး၊
နင့်ရည်းစားက ဂေါက်တံ၊
နင့်အဖေက ဂေါက်အိတ်၊
နင့်အမေက ဂေါက်ကျင်း၊
နင်တို့တစ်အိမ်လုံး ဂေါက်ကွင်း။


(၅)
ပါးတိုင်းလည်း မနမ်းဖူးသလို
ညတိုင်းလည်း မလွမ်းမိဘူး။
လွမ်းမိတဲ့ညမှာ နမ်းမိတဲ့ပါးလေးကို
သတိရတယ်။


(၆)
ပြီးဆုံးသင့်လို့ အဆုံးသတ်ခဲ့ပေမယ့်....
တစ်ခန်းမရပ်နိုင်သေးတဲ့ ငါ့အချစ်တွေက....
တစ်ပင်တိုင်အလွမ်းနဲ့ နောက်ပိုင်းဇာတ်ထုပ်ကို....
မနိုင်မနင်း "က" လို့.....။


(၇)
အက်ဒီဆင်ကို ကျေးဇူးမတင်နိုင်ပါဘူး။
အခုလောလောဆယ် ဖရောင်းတိုင် တီထွင်ခဲ့သူကို ကျေးဇူးတွေ တင်နေရပါတယ်။


(၈)
ကိုယ့်ကို နားလည်တဲ့လူတစ်ယောက်ကို ရှာဖို့
ကိုယ်က သူ့နားလည်နိုင်တဲ့လူဖြစ်အောင် အရင်ဆုံး လုပ်ရလိမ့်မယ်။

(၉)
ချစ်နေတာက (၁) ယောက်၊
ကြိုက်နေတာက (၂) ယောက်၊
အိပ်မက်ထဲမှာက (၃) ယောက်၊
ကျူနေတာက (၁၀) ယောက်၊
ဒါပေမယ့် ဘယ်သူမေးမေး (မရှိဘူး)ပဲ....။

(၁၀)
အင်ဒိုနီးရှား........
မလေးရှား..........
ငါတို့နိုင်ငံကိုလည်း အမည်ပြောင်းမယ်.....
ရေမီးရှား။

(၁၁)
လောကကြီးမှာ ကြောက်စရာအကောင်းဆုံးက မိမိချစ်သူ၏ လိမ်ညာခြင်းကို ခံရသည့်အချိန် ဖြစ်သည်။
ထိုအချိန်တွင် အမုန်းသင့်ဆုံးသူသည် အညာခံရသော မိမိကိုယ်တိုင်ပင် ဖြစ်သည်။

(၁၂)
ငါသတိရတဲ့အချိန် မင်းလွမ်းချင်မှ လွမ်းမယ်။
ငါရူးလောက်အောင် သတိရတဲ့အချိန် မင်းအိပ်ချင် အိပ်နေလိမ့်မယ်။
ငါအရမ်းကို တွေ့ချင်နေတဲ့အချိန် မင်း အခြားတစ်ယောက်နဲ့ တွေ့ချင်တွေ့နေမှာပ
ါ။

(၁၃)
အဆိုးများထဲက အကောင်းတော့ ရှိနိုင်မယ်။
အမြဲတမ်းကြီးတော့ မဆိုးနိုင်ပါဘူး


(၁၄)
အားပေးဖော်ဆိုတာက အားငယ်တတ်သူတွေအတွက်ပါ။
ငါလိုအပ်တာက.....
ပေးဆပ်သူမဟုတ်ဘူး.....
မျှဝေတတ်သူပဲဖြစ်တယ်။


(၁၅)
နင်လေ... သတိရရင် ဖုန်းဆက်ပါအချိန်တိုင်း။
ညညဆိုဖုန်းမဆက်ပါနဲ့ မေမေဆူလိမ့်မယ်။



Leave a Reply.

    Author

    Write something about yourself. No need to be fancy, just an overview.

    Archives

    October 2010

    Categories

    All

    RSS Feed